...

ကွန်ပျူတာတက္ကသိုလ် (ပြည်) သည် 2004 ခုနှစ်တွင် အစိုးရကွန်ပျူတာကောလိပ် (GCC) အဖြစ် စတင်တည်ထောင်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ပြည်မြိုတွင် တည်ရှိသည့် တက္ကသိုလ်တစ်ခု ဖြစ်သည်။ ပထမနှစ်တွင် ကွန်ပျူတာအသုံးချသင်တန်းများသာ သင်ကြားပေးခဲ့ပြီး 2005 ခုနှစ်မှ စတင်၍ ဘွဲကြို ကျောင်းသားများဝင်ခွင့်ပေးခဲ့သည်။ ထိုနောက် 2007 ခုနှစ်တွင် အစိုးရကွန်ပျူတာကောလိပ် (ပြည်) မှ ကွန်ပျူတာတက္ကသိုလ် (ပြည်) ဟု အမည်ပြောင်းခံခဲ့ပြီး 2017 ခုနှစ်တွင် ကွန်ပျူတာလေ့လာရေးတက္ကသိုလ် (ပြည်လမ်း) ဟူ၍ အမည်အသစ်ထားခဲ့သည်။ ကျောင်းဝင်းသည် 17.68 ဧကကျယ်ဝန်းပြီး ပြည်လမ်းမှ အောင်လံ အဝေးပြေးလမ်း မိုင်တိုင် 081/2 ၏ တောင်ဘက်တွင် တည်ရှိသည်။

...

သင်ကြားရေး၌ ကွန်ပျူတာအင်ဂျင်နီယာ ဘွဲကြိုနှင့် ဘွဲလွန်အဆင့်များကို အဓိကထားပြီး ဆရာ၊ ဆရာမများသည် ခေတ်နဲ့အညီ နည်းပညာအသစ်များကို အမြဲ Update ဖြစ်စွာ သင်ကြားပေးလျက်ရှိသည်။ Programming နှင့် Hardware ပိုင်းစိတ်ပါဝင်စားသူများအတွက် သင့်တော်သည့် တက္ကသိုလ်တစ်ခု ဖြစ်ပြီး Mobile Developer, Web Developer အဖြစ် တိုးတက်နိုင်ရန် သင်ကြားပေးသည့်အပြင် CT ယူထားသူများကိုArduino Language ဖြင့် Project များကို လက်တွေ့ကျစွာ လေ့ကျင့်ရသည်။ ထိုအပြင် ကျောင်းသားများသည် အပြီးသတ် အဆင့်တွင် Internship ဆင်းရမည်ဖြစ်ပြီး ထိုအခါမှသာ ဘွဲပေးအပ်သည်။

;